Lotion လား၊ Cream လား၊ ဆောင်းရာသီမှာ ဘာကိုရွေးကြမလဲ
ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်ပြီး ဆောင်းဝင်လာတာနဲ့အမျှ အသားအရေတွေလည်း ခြောက်လာပြီနော်။ ခြောက်သွေ့တဲ့ အသားအရေကို ထိန်းသိမ်းရာမှာ အစိုဓာတ် ကောင်းကောင်းရဖို့က အရေးအကြီးဆုံးပါ။
ဒါဆို ဘာကိုရွေးသင့်သလဲ? Lotion လား၊ cream လား?
ရွေးချယ်မှု မှားသွားရင် အသားအရေက ပိုမိုဆိုးရွားသွားတာမျိုး ဖြစ်နိုင်တယ် မဟုတ်လား။
Lotion ရော Cream ရော နှစ်မျိုးလုံးက အရေပြားကနေ ရေဓာတ်ဆုံးရှုံးမှု မဖြစ်အောင် Barrier အလွှာတစ်ခု ခံပြီးကာကွယ်ပေးခြင်း၊ အစိုဓာတ်ကို အရေပြားအတွင်းထဲထိ ရောက်အောင် ဆွဲယူပေးခြင်း နည်းလမ်းတွေနဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ အရာတွေပါ။
Lotion ဆိုတာ…
Lotion ဆိုတာ ရေဓာတ်ပိုမိုပါဝင်ပြီး ဆီပမာဏ နည်းပါတယ်။ တချို့ loction တွေဆို ဆီပါဝင်မှု မရှိဘဲ Oil-free ဆိုပြီး ထုတ်လုပ်တတ်ပါတယ်။ ရေများတဲ့အတွက် လိမ်းရလွယ်ကူပြီး စေးကပ်ခြင်း၊ ပျစ်ခြင်း လျော့နည်းကာ စိမ့်ဝင်နိုင်အား ကောင်းပါတယ်။
Cream ဆိုတာ…
Cream ကတော့ Lotion ထက် ဆီပါဝင်မှု ပမာဏ ပိုမိုများပြားပြီး ၅၀-၅၀ အချိုးခန့် ရှိပါတယ်။ ဆီပါဝင်မှုများလို့ ထူထဲပြီး စေးပျစ်ကာ လိမ်းထားရင် အဆီပြန်နေသလို ခံစားရတတ်ပါတယ်။
ဘာကို ရွေးသင့်သလဲ ဆိုတာက ရာသီဥတုနဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပါတယ်။ ဆောင်းရာသီမှာ ခြောက်သွေ့တဲ့ လေအေးတွေ တိုက်ပြီး အရေပြားကနေ အငွေ့ပျံနိုင်ခြေ ပိုများတာကြောင့် Skin Barrier ကောင်းကောင်းပေးနိုင်ပြီး အစိုဓာတ်ကို ကြာရှည်စွာ ထိန်းပေးနိုင်တဲ့ Cream က ပိုသင့်တော်ပါတယ်။
အသားအရေ အမျိူးအစားဘက်က ကြည့်ရင်တော့ ခြောက်သွေ့တဲ့ အသားအရေ (Dry skin) ပိုင်ရှင်တွေက ဆောင်းတွင်းမှာ Cream မှာမှ ပိုပြီး ထူပျစ်တဲ့ Cream သုံးသင့်ပါတယ်။ ထူပျစ်တဲ့ Cream တွေရဲ့ ဆိုးကျိုးက ချွေးပေါက်တွေကို ပိတ်စေတဲ့အတွက် Double Cleansing လုပ်ဖို့တော့ မမေ့ပါနဲ့။ ခပ်ပါးပါး Cream တွေကတော့ ချွေးပေါက်ပိတ်နိုင်ခြေ နည်းပါတယ်။
ထိခိုက်လွယ်တဲ့ အသားအရေ (Sensitive Skin) နဲ့ ပုံမှန်အသားအရေ (Normal Skin) ပိုင်ရှင်တွေက Lotion ကို သုံးသင့်ပါတယ်။ အဆီပြန်တဲ့ အသားအရေ (Oily Skin) ပိုင်ရှင်တွေကတော့ Lotion သုံးရင်သုံး၊ မသုံးရင် Gel Type တွေသာ သုံးသင့်ပြီး Cream ကိုတော့ သုံးဖို့ မသင့်ပါဘူး။ Oily Skin တွေက Cream သုံးမိရင် အဆီပြန်၊ ချွေးပေါက်ပိတ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာနိုင်ပါတယ်။
အရေပြားက ခြောက်သွေ့တဲ့အခါ ယားယံပြီး အရေပြားရောင်ရမ်းနာ ဖြစ်နိုင်တာမို့ ဆောင်းရာသီမှာ အသားအရေရဲ့ အစိုဓာတ်ထိန်းသိမ်းမှုက အရေးကြီးပါတယ်။ မှန်ကန်စွာ ရွေးခြယ်နိုင်ခြင်းဖြင့် စိုပြည်လှပနိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်